29 September, 2005

... မျိုးဆက်သစ်သို့ ကူညီသော လက်များ ...

မျိုးဆက်သစ်သို့ ကူညီသော လက်များ ဆိုတာ ပုဂံဖိုရမ် မှာ ဆုံဆည်းကြတဲ့ သူငယ်ချင်းများ စုစည်းထားတဲ့ အဖွဲ့လေးပါ..။ အဓိကအားဖြင့်တော့.. ဆင်းရဲနွမ်းပါးပြီး မိဘမဲ့ နဲ့.. မိဘ တစ်ဦးမဲ့.. ဆင်းရဲနွမ်းပါး ပညာမသင်နိုင်သော ကလေးငယ်များကို ခေါ်ယူစောင့်ရှောက် ပညာသင်ပေးသော၊ မိဘမဲ့ ဂေဟာများကို ဘာသာမရွေး လိုအပ်သော ကူညီပံ့ပိုး မှုများကို ဆောင်ရွက်ကြပါတယ်..။ မိမိတို့တက်နိုင်သော ငွေထည့်ဝင်လှူဒါန်းခြင်း၊ လုပ်အားပေး ဆောင်ရွက်ခြင်းတို့အပြင် ဂေဟာများရဲ့ အမှန်တကယ်လိုအပ်ချက်များ ရှာဖွေဖော်ထုတ်ပြီး အလှူရှင်များ ရှာဖွေပေးခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းတို့ လုပ်ကြပါတယ်..။


ဒါ့အပြင် ဂေဟာများမှ ကလေးငယ်များအား သာမန်ကလေးများရရှိသော ပျော်ရွှင်မှုများ ရစေလိုသော စေတနာဖြင့် အားလပ်ရက် တနင်္ဂနွေများမှာ ဂေဟာများမှ ကလေးငယ်များ နှင့် ကစားနည်းများ သွားရောက် ကစားကြ ခြင်းများ လည်း အလျင်းသင့်သလို လူစုစည်း ပြီး သွားရောက် ကစားလေ့ရှိကြ ပါတယ်..။

1 comment:

Azhar Hussein said...

Hey, you have a great blog here! I'm definitely going to bookmark you!

If you want to get your hands on oneof my top selling eBooks, FREE with MASTER RESELL RIGHTS, please visit 115 Ways To Become Your Own Boss. You're bound to find somethin of interest, and the eBook is 100% free to download.

Come and check it out if you get time :-) and I'll be sure to check back here regularly :)