24 January, 2007

2006-2007 Academic Year Stationery Donation

၂၈/၀၅/၂၀၀၆ (၂၀၀၆-၂၀၀၇ ပညာသင်နှစ်အတွက် စာရေးကိရိယာများလှူဒါန်းခြင်း)

၂၈ ရက်နေ့ (တနင်္ဂနွေနေ့) က ကူညီသော လက်များ အဖွဲ့ ဟာ ဂေဟာ ၄ ခု မှ ကလေးများ အတွက် ၂၀၀၆ - ၂၀၀၇ စာသင်နှစ်အတွက် စာရေးကိရိယာနဲ့ ကျောင်းသုံး ပစ္စည်းများကို စေတနာရှင် အလှူရှင်များရဲ့ လှူဒါန်းပံ့ပိုးကူညီမှု များနဲ့ သွားရောက် လှူဒါန်းနိုင်ခဲ့ပါတယ်...။ လှူဒါန်းခဲ့သော ကျောင်းများကတော့ အောက်ပါအတိုင်းပါ..။
၁။ လှည်းကူး (မေတ္တာ အေးရိပ်မြုံ) ၄၇ ဦး
၂။ လှည်းကူး (၀ိတိုရိယ) ၂၄ ဦး
၃။ တောင်ဥက္ကလာ ( မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) ၁၄၈ ဦး
၎။ သန်လျင် ဗလအားမာန်ငါးတန် ကျောင်း (၃၃ ဦး) တို့ ဖြစ်ပါတယ်..။

လှူဒါန်းသော ပစ်စည်းများကတော့ အောက်ပါအတိုင်းပါ။

၁။ မူလတန်းကလေးများ (သူငယ်တန်းမှ ဒုတိယတန်းအထိ)
- လွယ်အိတ်
- ကွန်ပါဘူး
- ခဲတံ ၃ ချောင်း
- ခဲဖျက်တစ်ခု၊ ပေတံတစ်ချောင်း
- လက်ရေးလှ စာအုပ် ၆ အုပ်
၂။ မူလတန်းကလေးများ (တတိယတန်းနှင့် စတုတ်ထတန်းကလေးများ)
- လွယ်အိတ်
- ခဲတံ ၃ ချောင်း
- ကွန်ပါဘူးတစ်ဗူး
- ခဲဖျက်တစ်ခု၊ ပေတံတစ်ခု
- ဗလာစာအုပ် ၆ အုပ်စီ
၃။ အလယ်တန်းကလေးများ (ပဥွမတန်းမှ အဌမတန်းအထိ)
- လွယ်အိတ်
- ဘောပင်၃ချောင်း
- အမ်မ် ကွန်ပါဘူး (ထောက်စူးတို့ဘာတို့ပါတဲ့ စက်လိုက်)
- ဗလာစာအုပ် ၆ အုပ်
၎။ အထက်တန်း နှင့် တကသိုလ် အဆင့်ကလေးများ
- လွယ်အိတ်
- ဘောလ်ပင် ၃ ချောင်း
- အမ်မ် ကွန်ပါဗူး
- ဗလာစာအုပ် ၆အုပ်
- သာလွန် အိတ်ဆောင် (အင်္ဂလိပ်-မြန်မာ) အဘိဓာန် တစ်အုပ်
-- -- -- ----------------------------
အထက်ပါပစ္စည်းများကို အလှူရှင်များ စုပေါင်းလှူဒါန်းသော အလှူငွေများဖြင့် တစ်ပတ်ကြိုတင် ၀ယ်ယူ စုဆောင်းပြီး တနင်္ဂနွေတစ်ရက်မှာ အဖွဲ့သားများ တင်ခိုင်လင်း အိမ်တွင် စုစည်းကြပြိး တစ်ယောက်စာ တစ်စုံစာစီ လွယ်အိတ်များတွင်း ထည့်သွင်းကြပါတယ်..။
နောက်တစ်ပတ်မှာ ကားအလှူရှင်တစ်ဦးရဲ့ အကူညီနဲ့ ကျောင်း ၄ ကျောင်းသို့ လိုက်လံလှူဒါန်းခဲ့ကြပါတယ်..။
အဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့.. မပြည့်မစုံကလေးလေးများကို စာသင်နှစ်တစ်နှစ်ရဲ့ အစမှာ.. လိုအပ်သော ကျောင်းသုံးပစ္စည်းအပြည့်အစုံနဲ့.. ခွန်အားသစ်တို့နဲ့ စာသင်ကျောင်းကို တက်တက်ကြွကြွ ရဲရဲဝံ့ဝံ့သွားပြီး.. ပညာသင်ယူနိုင်ကြဖို့ပါ..။ ကလေးလေးတွေဟာ သူတို့ ရရှိတဲ့ လွယ်အိတ်ထဲက ကွန်ပါဗူးအသစ်ကလေးတွေ ထုတ်ကြည့်လိုက်.. ခဲတံလေးတွေ ထုတ်ကြည့်လိုက်နဲ့ ၀မ်းသားပျော်ရွင်ရှိကြပါတယ်..
နောက်ပြီး.. ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်..ခင်ဗျ နဲ့ ပြန်ပြောကြတာ အင်မတန်ကြည်နူး စရာပါ..။
မေတ္တာအေးရိပ်မြုံက ကလေးလေးများ ဆိုရင်.. အဖွဲ့သားတွေကို လက်ဆွဲဆုပ်ကိုင်ပြီး.. သိပ်ကျေးဇူး တင်ပါတယ်၊ ဆရာမတို့ကို ဘုရားသခင်ကောင်းချီးပေးပါစေလို့ လှိုက်လှိုက်လှဲလှဲ ပြန်ဆုတောင်း ပေးကြပါတယ်..။

ကလေးလေးတွေ ပျော်ရောစွးှင်ကြည်နူးကြတာကြည့်ပြီး အဖွဲ့သားများလည်း အလှူရှင်များကို ကျေးဇူးတင်ရင်း ၀မ်းမြောက်ကြရပါတယ်..။

ကလေးတွေကိုလည်း.. အစစအရာရာ ပြည့်စုံပြီဖြစ်လို့ စာကို ကြိုးစားသင်ယူဖို့ မှာကြားရပါတယ်..။ အတန်းကြီးကလေးများကို ဒစ်ရှင်နရီ စာအုပ်ကလေးများ ထည့်ပေးထားတဲ့အတွက် အဲဒါလေးကို အသုံးချဖို့ နဲ့.. စကားလုံးများကို ဘယ်လို ရှာဖွေရမယ် ဆိုတာလေးတွေ.. မှာကြားပေးခဲ့ကြပါတယ်..။
ဒီကလေးတွေဟာ.. တစ်နေ့မှာ ပညာတက်ကလေးများ ဖြစ်လာစေဖို့.. တစ်ဖက်တစ်လမ်းက ခွန်အားသစ်များ ဖြည့်ပေးနိုင်ခဲ့မယ် လို့.. ယုံကြည်မိပါတယ်..။
အထက်ပါ အစီအစဉ် ကို အောက်ပါအလှူရှင်များရဲ့ ထောက်ပံ့လှူဒါန်းမှုနဲ့ ကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်..။

၁။ ဦးပိစ်ကိပါ ထံမှ လှူဒါန်း ထားသော ဗလာစာအုပ် ဒါဇင် ၁၀၀
၂။ ဗလအားမာန်မှ ကလေး ၁၆ ယောက်စာ အတွက် အလှူရှင် (နိုင်ငံခြားသား မိသားစု) ပစ္စည်းအစုံလိုက် ၀ယ်ယူ လှူဒါန်းခြင်းဖြစ်ပါတယ်..။
၃။ အမေရိကန်နိုင်ငံမှ မစုကြည် ထံမှာ အလှူငွေ ဒေါ်လာ ၂၀၀ ရောင်းရငွေ (ကျပ် ၂၅၈၀၀၀) နှင့်မစုကြည် ပို့ပေးထားသော ဘောလ်ပင်များ
၎။ ပြင်ဦးလွင်မြို့မှ အလှူရှင်တစ်ဥိးမှ မြင်သာမြို့ဦး တစ်ကျောင်းလုံးစာ လှူဒါန်းငွေ (ကျပ် ၃၇၆၇၂၅)
၅။ အလှူရှင် ဦးသိန်းအောင် လှူဒါန်းထားသော ခဲတံ ၇၈ ဒါဇင်
၆။ ယခင် တိရိစ္ဆာန် ဥယျာဉ်ပို့ဆောင်ပေးရေး အတွက် လှူဒါန်းခဲ့သော အလှူရှင် ကိုဇော်လတ် မှ ကန်တာ ကားတစ်စီး နှင့် တောင်းအေ့စ် တစ်စီးတို့ကို အဖွဲ့သားများ သွားရောက်လှူဒါန်းမှု အဆင်ပြေစေရေးအတွက် ကူညီ ပေးခဲ့ပါတယ်..။ မေတ္တာအေးရိပ်မြုံ ကျောင်းမှ ကလေးများ ကျောင်းအပ်ရေး အတွက် အလှူငွေ ကျန် ၁၅၀၀၀၀ ကိုလည်း ကိုဇော်လတ်မှ လှူဒါန်းပေးခဲ့ပါတယ်..။

မှတ်တမ်းတင်သူ - မော်မော်ထွန်း

No comments: