24 January, 2007

22/11/2006 တိရစ်ဆန်ရုံ သို့အလည်တစ်ခေါက် (၁)

၂၂/၁/၂၀၀၆
အလှူရှင် ဦးဇော်လတ် ၏ အကူအညီဖြင့်၊ လှည်းကူး မေတ္တာအေးရိပ်မြုံ ဂေဟာ မှ ကလေး (၃၀) ယောက် နှင့် ၀ိတိုရိယ ဂေဟာမှ ကလေး (၁၄) ယောက် ကို တိရိစ္ဆာန်ဥယျာဉ်သို့ ပို့ပေးခဲ့ပါတယ်။
ပါဝင်သူများမှာ
မေတ္တာအေးရိပ်မြုံ ဂေဟာ မှ ဆရာမ (၂) ဦး နှင့် ဆရာ (၁) ဦး
ဝိတိုရိယ ဂေဟာမှ ဆရာမ (၁) ဦး ဆရာ (၁) ဦး
ဗော်လန်တီယာ (၁၄) ဦး၊ နှင့် မန်ဘာများဖြစ်ကြသော မယဉ်ငြိမ်း နှင့် ကိုကောမတ်၊ စနိုးဖေါ်အောလ်၊ မော်မော်ထွန်း၊ သက်စု၊ အေးမီမီထွန်း၊ တင်ခိုင်လင်းနှင့် နေနေလွှမ်မိုး၊ စုစုပေါင်း (၈) ဦး နှင့် အလှူရှင် ဦးဇော်လတ် ကိုယ်တိုင် ပါဝင် ခဲ့ကြပါသည်။
နံနက်ပိုင်း ၇း၀၀ နာရီတွင် စုရပ်အနေဖြင့် ရှစ်မိုင်လမ်းဆုံ သမားတော် ဆေးခန်းရှေ့တွင် အားလုံးဆုံစည်း ကြပြီး ဘီအမ်ကားနှစ်စီးဖြင့်၊ လှည်းကူး ဂေဟာ နှစ်ခုသို့ သွားရောက်ခဲ့ပါသည်။
မေတ္တာအေးရိပ်မြုံ ဂေဟာလမ်းထိပ် တွင် တစ်စီးရပ်၍ ဂေဟာသို့ ကလေးများ ၀တ်ရန် တီရှပ် တံဆိပ်နှင့် ကာတွန်းရုပ်လေးများပါသော အင်္ကျီထုပ်ကြီးဖြင့် မန်ဘာ တစ်ဦးနှင့် အလှူရှင် မှ ဆိုက်ကားဖြင့် သွားရောက် ၀တ်ဆင်ပေးကြသည်။ နောက်တစ်စီးကတော့ ၀ိတိုရိယ ဂေဟာ က ကလေးတွေကို သွားခေါ် ခဲ့ကြပါတယ်။
တူညီဝတ်စုံဝတ်ဆင်ထားတဲ့ ကလေးများအားလုံးကို အလှူရှင်ရဲ့ အကြံညဏ်အတိုင်း အုပ်စုလေးတွေခွဲပေးကြ ပါတယ်။ စုစုပေါင်း အုပ်စု (၅) စုဖြစ်ပြီး၊ အဖွဲ့ရဲ့ သင်္ကေတဟာ အရုပ် (တိရိစ္ဆာန်) တစ်ကောင် ဖြစ်ပါတယ်။
ကျား၊ ဆင်၊ မြောက်၊ ခြင်္သေ့၊ ယုန် ဆိုပြီး (၅)ဖွဲ့ကို ဓါတ်ပုံ ဆိုဒ်တစ်ခုစာ ပရင့်ထုတ်ထားပြီး ဆွဲကြိုးလေးတွေ လုပ်ထားပါတယ်။ (ကိုကောမတ် လက်ရာ)။

သက်ဆိုင်ရာ တိရိစ္ဆာန်ကောင်လေးတွေပါတဲ့ ဆွဲကြိုးလေးတွေကို ကလေးတွေရော၊ လိုက်ပါပို့ဆောင်ပေးမယ့်၊ ဗော်လန်တီယာ (၂) ဦးစီ၊ မန်ဘာ တစ်ဦးနဲ့၊ ဂေဟာမှ ဆရာ ဒါမှမဟုတ် ဆရာမ တစ်ဦး ပါ ဆွဲလိုက်တော့
ဆင် အဖွဲ၊ ကျားအဖွဲ့၊ မြောက်အဖွဲ့၊ ခြင်္သေ့ အဖွဲ့ နဲ့ ယုန်အဖွဲ့ ဆိုပြီး (၅) ဖွဲ့ ခွဲခြားကာ.. ရန်ကုန် တိရိစ္ဆာန် ဥယျာဉ်ထံသို့ ကားများဖြင့် ထွက်ခွာခဲ့ကြပါတယ်။
ကျား အဖွဲ့ကို ဦးစီးတဲ့ မန်ဘာက တော့.. စနိုးဖေါ်အောလ် ဖြစ်ပါတယ်။
ဆင် အဖွဲ့က တော့ အေးမီမီထွန်း၊ ခြင်္သေ့က မော်မော်ထွန်း၊ မျောက်က သက်စု၊ ဖြစ်ပြီး ယုန်အဖွဲ့ က တင်ခိုင်လင်း ဖြစ်ပါတယ်။
နံနက်စာ ဘဲသားမုန့်တစ်ခု၊ ဆိတ်သားပတ်(ဖ်) တစ်ခုနဲ့ ဗွီဗွီ နို့စတော်ဘယ်ရီ တစ်ဗူးစီ ကားပေါ်မှာဝေပေးခဲ့ပါတယ်။ အစာစားပြီးတာကတစ်ကြောင်း.. လှည်းကူးကနေ ရန်ကုန်ထဲ ကားကြီး (ဘီအမ်) ကြောင့် တစ်ကြောင်း.. ကားပေါ်မှာ ကလေးနှစ်ယောက်လောက် အန် ကြပါသေးတယ်။

No comments: