25 January, 2007

April 2006 Magic Show Activity

ဧပြီလ ၂-၈-၉ ဂေဟာ ကလေးငယ်များသို့ မျက်လှည့် ပြ ဖြေဖျော်ခြင်း


ကူညီသောလက်များအဖွဲ့ဟာ ဘယ်လ်ဂျီယမ်က နယ်စည်းမထား မျက်လှည့်ဆရာများအဖွဲ့ နဲ့ ဆက်သွယ်မိပါတယ်..။

ဆင်းရဲနွမ်းပါးကလေးများနဲ့ ဂေဟာများမှ ကလေးများကို သူတို့ကဖျော်ဖြေပေးချင်ပါတယ်..။ အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ လည်းကိုက်ညီလို့.. သူတို့နဲ့ ပူးပေါင်းပြီး ဂေဟာ ၅ ခုမှ ကလေးများကို မျက်လှည့်ဖျော်ဖြေခဲ့ကြပါတယ်။

အဖွဲ့အနေနဲ့ မျက်လှည့်ဆရာများနှင့်အတူ ဂေဟာများသို့ လိုက်လံဖျော်ဖြေပေးခဲ့ကြပါတယ်..။

ကလေးများ အလွန်စိတ်လှုပ်ရှားပျော်ရွှင်ကြတာကို တွေ့ရပါတယ်..။

ဧပြီလ ၂ ရက်နေ့မှာ သန်လျင် ဗလအားမာန် ငါးတန်ကျောင်းကို သွားရောက်ခဲ့ပြီး မမော်မော်ထွန်း တာဝန်ယူပို့ဆောင်ပေးခဲ့ပါတယ်..။ အဲသည်ကျောင်းက မမော်မော်ထွန်း နဲ့ စနိုးတို့ တာဝန်ကျပါတယ်..။ စနိုးက မအားလပ်လို့ မော်မော် သွားခဲ့ပါတယ်..။

ဧပြီလ ၈ ရက်နေ့မှာ မအေးမီနဲ့ ကိုမောင်မောင် တို့ တာဝန်ယူထားတဲ့ သင်္ဃန်းကျွန်းက ရတနာပုံရိပ်ငြိမ် ကျောင်းနဲ့ သက်စုနဲ့ မယဉ်ငြိမ်းတို့ တာဝန်ယူထားတဲ့ တောင်ဥက္ကလာမြင်သာမြို့ဦး ကျောင်း တို့ မှာ မျက်လှည့် ဆရာများနဲ့ အတူ သွားရောက်ဖျော်ဖြေပေးကြပါတယ်..။

ဧပြီလ ၉ ရက်နေ့မှာ တင်ခိုင်လင်း၊ ကိုနေနေလွှမ်းမိုး နဲ့ ဒေါက်တာပြည်ဖြိုးတို့ တာဝန်ကျတဲ့ လှည်းကူးက မေတ္တာအေးရိပ်မြုံနဲ့ ၀ိ တိုရိယ ကျောင်းတို့ ကို တင်ခိုင်လင်း၊ ကိုနေနေလွှမ်းမိုး နဲ့ မော်မော် တို့ သွားရောက် ခဲ့ကြပါတယ်..။

ကလေးတွေလည်း ကျေနပ်ပျော်ရွှင်ကြပြီး မျက်လှည့်ဆရာများက လည်း အလွန်ကျေနပ်အားရကြပါတယ်..။ နောက်နှစ် လည်း ထပ်မံလာရောက်ဦးမယ် လို့ ဆိုပါတယ်..။ အဖွဲ့ ကို ကြိုတင်အကြောင်းကြားမယ် လို့ ဆိုပါတယ်..။

သူတို့အနေနဲ့ သည့်ထက်များများ ပြသချင်ပေမယ့်.. အဖွဲ့ဝင်များ အားလပ်သော စနေ တနင်္ဂနွေသာ တက်နိုင်သည်ကတစ်ကြောင်း.. အဖွဲ့ ရည်ရွယ်ချက်အရ မိမိတို့ တာဝန်ယူ ကူညီမှုပြုနေသော ဂေဟာများမှ လွဲရ်ျ အခြားဂေဟာများသို့ ပါ စီစဉ်ပေးရန်မှာ လူအင်အားမတက်နိုင်သည်ကတစ်ကြောင်းတို့ ကြောင့် သူတို့ရည်မှန်းသလောက် ပြသခွင့် မရခဲ့ကြပါဘူး..။

ဒါကြောင့်.. ဂေဟာများနဲ့ ချိတ်ဆက်ပြီး ကားစီစဉ်ရ်ျ မျက်လှည့်အဖွဲ့အား စီစဉ်ပေးလိုသော အလှူရှင် (သို့) လူငယ်အဖွဲ့များရှိပါက... (စိတ်ဝင်စားသူများ) ကူညီသောလက်များအဖွဲ့ကို အီးမေးလ်နဲ့ ဖြစ်စေ၊ သည်တော့ပစ်မှာ ဖြစ်စေ၊ ပီအမ်နဲ့ ဖြစ်စေ အကြောင်းကြားထားနိုင်ပါတယ်..။

သူတို့အဖွဲ့ကလည်း နိုင်ငံခြားမှ မိမိတို့စရိတ်နဲ့ လာရောက်သော ဗော်လန်တီယာများဖြစ်ပါတယ်..။ သူတို့ တစ်ခေါက်လာရကျိုးနပ်အောင်.. ဆင်းရဲနွမ်းပါးပြီး ပျော်ရွှင်ဖွယ်ရာ အခွင့်အရေး အချို့ ဆုံးရှုံးနေကြတဲ့ ကလေးများ ကို သည့်ထက် ကျယ်ကျယ်ပြန့်ပြန့် ဖျော်ဖြေမှု ပေးနီုင်ဖို့ ကူညီ စီစဉ်ပေးနိုင်ချင်ပါတယ်..။ တကယ်ဆို သူတို့ ၂ ပတ်လောက် မြန်ပြည်မှာ နေသွားပါတယ်...။ အဖွဲ့က ၅ ကျောင်းပဲ စီစဉ်ပေးနိုင်ခဲ့ပါတယ်...။ ကျန်တဲ့ရက်တွေ သူတို့ အားနေခဲ့ကြပါတယ်..။ အချို့ ဖျော်ဖြေမှုများမှ လွဲလို့ပေါ့လေ..။

နောက်တစ်ကြိမ်သူတို့ လာဖို့ရှိတာက ၂၀၀၆ နိုဝင်ဘာ သို့မဟုတ် ၂၀၀၇ ဇန်န၀ါရီပါ..။

စီစဉ်ပေးလိုသူ အလှူရှင်များ သို့မဟုတ် လူငယ်အဖွဲ့များ အနေနဲ့ ကူညီသော လက်များအဖွဲ့ကို ကြိုတင်အကြောင်းကြားပေးထားမယ် ဆိုရင် နောက်တစ်ကြိမ် သူတို့လာတဲ့အခါ.. ဆက်သွယ်မိတ်ဆက်ပေးပါမယ်..။ ပူးပေါင်းလုပ်ဆောင်လို့ ရနိုင်အောင်ပါ..။

No comments: