11 May, 2008

Holiday activity

15 Sept 2007
မင်္ဂလာပါ....

ကူညီသောလက်များအနေနဲ့ ဖိုရမ်မန်ဘာများ၊ ဒီနှစ်ရဲ့အလှူရှင်များ သိထားတဲ့အတိုင်း ဒီနှစ်မှာ ပညာသင်ထောက်ပံ့ကြေးနဲ့ ပညာသင်ဆုပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆက်လုပ်နေဖြစ်ပါတယ်။ အခုဆိုရင် ပညာသင်ထောက်ပံ့ကြေးနဲ့ပညာသင်ဆု ရထားတဲ့ကလေးတွေဟာ လပတ်စာမေးပွဲတွေ ဖြေနေကြရပါပြီ။ ပညာသင်ဆုပေးတဲ့သူကပေး လှူတဲ့သူကလှူနေတဲ့ အနေအထားလေးမှာ ကျွန်မတို့ ကူညီသောလက်များအဖွဲ့အနေနဲ့ကတော့ ပညာသင်ဆုရထားတဲ့ ကလေးတွေနဲ့ တစ်လတစ်ကြိမ် သွားရောက်တွေ့ဆုံပြီး သူတို့လိုအပ်တာလေးတွေကို ဖြည့်ဆည်းပေးလျှက်ရှိပါတယ်။

ပညာသင်ဆုရထားတဲ့ ကလေးတစ်ယောက်ဆိုရင် ဘာကျူရှင် ဘာဂိုက်မှမရှိဘဲ အဆင့်(၃)၀င်ခဲ့ပါတယ်။ အဲဒီကလေးကို ဆုချတဲ့အနေနဲ့ ချီးမြှောက်တဲ့အနေနဲ့ ကျွန်မတို့အဖွဲ့က သူ့ရဲ့အားလပ်ရက်မှာ ရန်ကုန်မြို့ ထဲကို အလည်အပတ်အဖြစ်ပို့ပေးဖြစ်ခဲ့ပါတယ်။ သူသွားချင်တဲ့နေရာ၊ သူစားချင်တဲ့အစားအစာကို သူ့စိတ်ကြိုက်ရွေးချယ်လို့ သမ္မတမှာ ရုပ်ရှင်ပြခြင်း၊ ဓနုဖြူဒေါ်စောရီ ထမင်းဆိုင်မှာ နေ့လည်စာကျွေးခြင်း၊ ဂျေဒိုးနတ်တွင် မုန့်နှင့်အအေးတိုက်ခြင်း၊ သူ့စိတ်ကြိုက်ပြင်ပစာပေ ရွေးချယ်ဝယ်ယူစေခြင်းတို့ကို အလှူဒါန ပြုနိုင်ခဲ့ပါတယ်။

အလှူရှင်ကတော့ ဒေါ်သက်စုဖြစ်ပါတယ်။ အဲဒီလိုပဲ အခြားကလေးငယ်များကိုလည်း အဆင့်၁၀အတွင်း ၀င်အောင်ကြိုးစားနိုင်လျှင် မိမိတို့အားလပ်ရက်မှာ မိမိတို့စိတ်ကြိုက်လည်ပတ်ခွင့်အဖြစ် ဆုချီးမြှင့်ရန်အတွက် လည်း ကလေးငယ်များကို အားပေးရင်း သူတို့အတွက် အခွင့်အလမ်းပေးခဲ့ဖြစ်ပါတယ်။

ဖိုရမ်မန်ဘာများအနေနဲ့ ဗော်လန်တီယာအဖြစ် ကျွန်မတို့အဖွဲ့နဲ့ မလှုပ်ရှားဖြစ်တဲ့ အနေအထားလေးမှာ ယခုကဲ့သို့ ကလေးငယ်များကို ဆုချီးမြှင့်ခြင်းအစီအစဉ်မှာ ပါဝင်လို့ လှုပ်ရှားမှုပြုနိုင်ပါကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်။

No comments: