11 May, 2008

Nan Oo Monastic School - Current Projects

24 JAN 2007

နန်းဦးပရဟိတ လူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက် .. ကူညီသောလက်များမှ အလှူရှင်များ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများ

၁ ။ ကူညီသောလက်များအဖွဲ့မှ နန်းဦးကျောင်း၏ အဓိက လိုအပ်ချက်ဖြစ်လျက်ရှိသော. နေရာထိုင်ခင်းများကို လိုက်လံလေ့လာရာတွင်.. ကလေးငယ်များ .. စာသင်ဆောင်၊ အိပ်ဆောင်၊ ထမင်းစားဆောင်အဖြစ် အသုံးပြု နေသော အဆောင်တစ်ခု ၏ အနောက်ဘက်အခြမ်း တစ်ခုလုံးမှာ ပျက်စီးယိုယွင်း နေလျက်ရှိပြီး ပိုးစား ခြကိုက်ထားခြင်းများ ကျောင်းတိုင်များ ဆွေး၍ ပြတ်လု ပြတ်ခင် ဖြစ်နေသည်များ၊ လှေကားယိုယွင်း နေသည်များ၊ မလိုအပ်သော ပစ္စည်းများကို စုပုံ ထားသည့် ဂိုဒေါင်သဖွယ် အခန်းမှ ခြင်၊ ပိုးကောင်များ ပုန်းအောင်းခိုမှီး နေမှုများကို တွေ့ရှိခဲ့ရပါသည်။


သို့ပါသောကြောင့် ကူညီသော လက်များအဖွဲ့၏ အလှူရှင် မစ္စတာ ယာမာမိုတို ၏ လှူဒါန်းမှုဖြင့် ၄င်း ပျက်စီးယိုယွင်း နေသော ကျောင်းဆောင် တစ်ခြမ်းကို ဖျက်၍ ပြုပြင်ခြင်း၊ တိုင်လုံးများလဲလှည်ခြင်း၊ လှေကားများပြင်ဆင်ခြင်း၊ မလိုအပ်သော အခန်းများဖျက်၍၊ ကလေးများ လုံလောက်သည့် အိပ်စက်ရာနေရာရ ရန်အတွက် အခန်းများ ပြန်လည် ဖွဲ့စည်းခြင်း၊ ရှင်းလင်းခြင်း စသည့်လုပ်ငန်းများကို လက်သမားများ ခေါ်ယူ၍ လုပ်ဆောင်ပေးနေပါသည်။ ပရောဂျက် ပြီးစီးမည့် ခန့်မှန်းရက်မှာ.. လာမည့် တနင်္ဂနွေ ၂၈၊ ၀၁၊၂၀၀၇ ဖြစ်ပါသည်။ ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်ငွေ ၁,၅၀၀,၀၀၀ (တစ်ဆယ့်ငါးသိန်း) ဖြစ်ပြီး။ ၄င်းငွေကို...မစ္စတာ ယာမာမိုတို မှ တစ်လုံးတခဲထံ ပေးလှူခဲ့ပါသည်။

နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက်..ကူညီသော လက်များမှ အလှူရှင်များ အကူအညီဖြင့်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ (၂)

၂။ အမှတ် ၂ ပရောဂျက် အနေဖြင့်၊ ကလေးငယ်များအားလုံး တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် ရေချိုးရန် နေရာ တစ်ခု သတ်သတ်မှတ်မှတ် ဖြင့် ရေချိုးဆောင် တစ်ခု ဆောက်လုပ်ပေးရန် အတွက်၊ ပန်းရံ လက်သမားများဖြင့် နေရာရှင်း တွက်ချက် ခဲ့ရာ ကျပ်ငွေ ခြောက်သိန်း ခန့် ကုန်ကျ မည်ဟု သိခဲ့ရပါသည်။ သို့ပါသောကြောင့် အလှူရှင် ရှာဖွေခဲ့ရာတွင် ကူညီသောလက်များ အဖွဲ့အား ပင်တိုင် လှူဒါန်းပေးခဲ့သော အလှူရှင် တစ်ဦးဖြစ်သူ (သီဟရာဇာ ကုမ္ပဏီလိမိတက်) မှ ကျပ်ငွေ ၆ သိန်းကို တစ်လုံးတခဲထဲ လှူဒါန်းပေး ခဲ့ပါသည်။ ၄င်း ပရောဂျက် ပြီးဆုံးမည့် ခန့်မှန်းရက်မှာ ဇန်န၀ါရီ လကုန် ဖြစ်ပါသည်။

ရေကန် အတိုင်းအထွာမှာ = ၆ ပေ - ၁၂ ပေဖြစ်ပြီး အမြင့် သုံးပေခန့်ရှိပါမည်။ ရေချိုးဆောင် အား.. သံမံသလင်းခင်း..သွပ်မိုးဆောင်၊ ဘေး သံဇကာ ကာ မည်ဖြစ်ပြီး ၄င်း၏ အတိုင်းမှာ အလျား၂၅ပေ၊ အနံ၁၅ပေ ဖြစ်ပါသည်။

No comments: