11 May, 2008

Scholarship Program II

မင်္ဂလာပါ

ကူညီသောလက်များအနေဖြင့် ယခုပညာသင်နှစ်ဖြစ်သော ၂၀၀၇-၈မှာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကလေးငယ်များကို ပညာသင်ထောက်ပံ့ကြေး ပညာသင်ဆုများကို အလှူရှင်များကိုယ်စား လှူဒါန်း ဆောင်ရွက်ပေးမှုများ ပြုလုပ်ခဲ့နိုင်ပါတယ်။


ကူညီသောလက်များအနေဖြင့် ထိုလှူဒါန်းမှုဖြစ်မြောက်ရေးအတွက် အလှူရှင်၏ကိုယ်စား ကလေးငယ်များနှင့် တွေ့ဆုံခြင်း၊ ကျောင်းပညာရေးကော်မတီနှင့်တွေ့ဆုံခြင်း၊ ပညာသင်ထောက်ပံ့ကြေး ကျောင်းသား ရွေးချယ်ခြင်းများ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပညာသင် ထောက်ပံ့ကြေးပေးခြင်းရဲ့ အဓိကရွေးချယ်မှု အချက်ကတော့ (၁)မိဘမဲ့ (၂)အမိမဲ့ (၃)အဘမဲ့ (၄)ဆင်းရဲနွမ်းပါးဆိုပြီး ဦစားပေးအဆင့်နဲ့ ရွေးချယ်ခဲ့ပါတယ်။ ပညာသင်ဆုအနေနဲ့ကတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ထူးချွန်ကျောင်းသားကို အဓိကထား ရွေးချယ်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်ပညာသင်နှစ်မှာ ပညာသင်ထောက်ပံ့ကြေး ရှိခဲ့တဲ့ ကျောင်းများကတော့ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ မရမ်းကုန်းမြို့နယ်မှာရှိတဲ့ နန်းဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ကော့မှူးမြို့နယ်၊ ဆင်ခြံရွာမှာရှိတဲ့ အောင်ဇမ္ဗူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ဖြစ်ကြပါတယ်။

မြင်သာမြို့ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကလေးငယ် ၂၅ ဦးကို ပြည်ပမှ အလှူရှင်တစ်ဦးက လှူဒါန်းတာဖြစ်ပါတယ်။ နန်းဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား ခွန်ထွန်းကျော်(၈တန်း) ကိုတော့ မ၀င်းဝင်းခိုင်မှ လှူဒါန်းတာဖြစ်ပါတယ်။

အောင်ဇမ္ဗူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသူတစ်ဦးဖြစ်တဲ့ မယုဇနလှိုင် (၁၀တန်း)ကိုတော့ ညီမငယ် ဂျူဝယ်လ်မှ လှူဒါန်းတာဖြစ်ပါတယ်။ ညီမငယ် ဂျူဝယ်လ်က ပညာသင်ထောက်ပံ့ကြေးနဲ့ အခြားလိုအပ်သော အလှူ လှူဒါန်းရန်အတွက် ကျပ်ငွေ ၂၅၆,၀၀၀ ကျပ်-လှူဒါန်း တာဖြစ်ပါတယ်။

ဂျူဝယ်လ်မှလှူဒါန်းငွေ ၂၅၆၀၀၀ကျပ်
ပညာသင်ထောက်ပံ့ကြေး(၂၀၀၇-၈ပညာသင် တစ်နှစ်စာ- ၁၀တန်း) ယုဇနလှိုင် ၂၁၀,၀၀၀ကျပ်
ပညာသင်ထောက်ပံ့ကြေး(ကျောင်းစတင်အပ်နှံခြင်း-၉တန်း) မောင်ဇော်မျိုးထွန်း ၃၀,၀၀၀ကျပ်
ဆန်တစ်အိန်(နန်းဦး ဘ/က ကျောင်း) ၁၆,၀၀၀ကျပ်

(ယဉ်ယဉ်ငြိမ်း)

No comments: